ကဗျာဆိုတာ
နှလုံးသွေးတစ်စက်နဲ့
ခေတ်အဆက်ဆက် စီးဆင်းနိုင်တဲ့မြစ်ဖြစ်တယ်..။
စင်္ကြာဝဠာထဲမှာ (ဒါမှမဟုတ်) လူတစ်ယောက်ရဲ့ခန္ဓာကိုယ်ထဲမှာ
ရှုမဆုံးအောင် ရုန်းကန်လှပနေတဲ့ သဘာဝတရားငယ်တစ်ခုလို့၊
ကဗျာကို
သြော်………ဘယ်သူတွေများချစ်နိုင်ပါလိမ့် ။ ။ (မောင်သိန်းဇော်)
‘ချောင်းကြည့်ပေါက်များ’
သူ့အလို….
အထက်အဆိုပါ အကြောင်းများအရ
တွေးဆချက်များမှာ
(၁)
‘စကားလုံးများ’ ဟာ အတုဖြစ်ပြီး
‘စိတ်’ သည် ‘အစစ်အမှန်’ ဖြစ်တယ်…တဲ့။
(၂)
‘ခြေထောက်တွေ’ဟာ ‘လမ်း’ဖြစ်ပြီး
‘ငါ’သည် ‘ခရီးဆုံး’ဖြစ်တယ်…တဲ့။
(၃)
ဆိုတော့ကာ…
အဲဒီ စကားလုံး တင်းကြမ်းပြည့်လမ်းကိုပဲ
စီးစီးပြီး သွားနေရတာ…တဲ့
အဲဒီခရီးဆုံးမှ ရောက်ပါ့မလား
အဲဒီအစစ်အမှန်ရော ဟုတ်ပါ့မလား
အဲဒီစိတ်ကြီးကို ကုန်လွန်းလို့
အဲဒီ ငါကဖြင့်….တဲ့
အင်း
ပျင်းတယ်….ဆိုတာကြီးပဲ
ကြိတ်မနိုင် ခဲမရ…..
…………….။
ရဲသင်ရန် (ထူးအိမ်သင်)
(ပန် ,10/2002)
This page has the following sub pages.
Leave a comment