ညနေကြိုတော့
အိမ်ကို ပြန်မြဲပြန်လာ….
မီးခိုးယိမ်းနွဲ့ အိမ်ကလေး
အလင်းရောင် တနှေးနှေးကွာကျ
စိတ်ပေါ် နေ့တစ်နေ့ပြိုခဲ့ ။
သီချင်းတစ်ပုဒ်နဲ့ လူးလို့
လျှာကိုမူးစေပြီး မျို
လရောင်ဟာ ခံတွင်းထဲပျော်ကျ ။
ဒီလိုပဲ
အလျားမှောက်အိပ်ရတာ
တစ်ခါမှ မ၀ခဲ့ဘူး ။ ။
စည်သူငြိမ်း(2/2000,မဟေသီ)
Leave a comment