ကျယ်ကျယ်လောင်လောင် ပြောနေရပေမယ့်
ရင်ဘတ်ထဲ တိုးတိုးတိတ်တိတ် ပဲ့တင်ထပ်နေကြ…
စကားလုံးတွေရဲ့ စီးကြောင်းမှာ
ခွန်အားမဲ့ လိုက်နေရပြီး
ဒီ ‘စီးချင်းထိုးပွဲ’ ဟာ
မြို့ပြရဲ့ ဈာပနပါ တဲ့ … ။
နှလုံးသားကို
ဓားတစ်ချောင်းလို သွေးရင်း
‘အလင်း’ ဖြစ်သွား …
ပန်းတွေ တအားကြွေရလွန်းလို့
ရနံ့တွေလည်း လေခိုခဲ့…။
ဒီလိုနဲ့ ……
‘အလွမ်း’ ဟာ
ရနံ့ ဖြစ်လိုက် ပန်းဖြစ်လိုက်နဲ့
ကြွေကြွေကျနေရတာ ရင် ထဲ မ ထိ ဘူး ကွယ် …
‘အနမ်း’ တစ်ထောက်စာ
ဒီ သံ သ ရာ ထဲ ။
မင်းခန့်သွေး
Leave a comment